ကျောက်မဲ ဖေဖော်ဝါရီ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာရှိ လက်ဖက် စိုက်ပျိုးသည့် တောင်သူများအား GAP အသိအမှတ်ပြုလက်မှတ်ရရှိရေး အသိပညာပေးဆွေးနွေးခြင်းကို ကျောက်မဲခရိုင် ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းထင်စိုးနှင့်ဝန်ထမ်းများက ပန်ကွမ် ကျေးရွာ အုပ်စု၊ ပန်သပြေကျေးရွာ ဦးမောင်စိုးနေအိမ်၌ ဖေဖော်ဝါရီ ၁ ရက်က ဆောင်ရွက်ခဲ့ရာ လက်ဖက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲတွင် ကျောက်မဲခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးနှင့် မြေ၊ မျိုးစေ့၊ ပိုးမွှား တာဝန်ခံများက မြေဆီလွှာ၊ မျိုးစေ့၊ ပိုးမွှားဆိုင်ရာ နည်းပညာများ GAP အသိအမှတ်ပြု လက်မှတ် လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် ခရိုင်ဦးစီးမှူးက GAP အသိအမှတ်ပြု လက်မှတ် လျှောက်ထားသည့် လက်ဖက် စိုက်ခင်းများနှင့် လက်ဖက်ထုတ် လုပ် ရာ စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါပန်ကွမ်ကျေးရွာအုပ်စု အတွင်းမှ GAP အသိအမှတ်ပြုလက်မှတ်ရရှိရေး လျှောက်ထား သည့် လက်ဖက်တောင်သူ ၁၅ ဦးရှိ ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)