သတင်းများ

သောက်သုံးရေခက်ခဲလျက်ရှိသည့် ရွာသစ်တောင်ကျေးရွာသို့ သောက်သုံးရေသွားရောက် လှူဒါန်း
Feb 28,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ သောက်သုံးရေခက်ခဲလျက်ရှိသည့် ရွာ သစ်တောင်ကျေးရွာသို့ ရေဂါလံ ၂၂၀၀ အား ယနေ့ နံနက် ၈ နာရီခွဲအချိန်က သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးတင်မောင်ဆွေ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ Video Conferencing စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 28,2021
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးတင်မောင်ဆွေသည် ယမန်နေ့ နံနက်(၁၀)နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ Video Conferencing စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပ ပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် စေတနာရှင်ပြည်သူများက လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များ အား စားသောက်ဖွယ်ရာများလှူဒါန်း
Feb 26,2021
လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များအား ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် စေတနာရှင်ပြည်သူများက လှူဒါန်းသည့် စားသောက် ဖွယ်ရာများ ပေးအပ် လှူဒါန်းခြင်းကို ဖေဖော်ဝါရီ(၂၅)ရက်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ် သံလွင်ခန်းမ၌ ကျင်းပသည်။
မိုင်းယောင်း၌ ပဉ္စမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်း အနားနှင့် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူ
Feb 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပုဗ္ဗဝိဇယဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ ရင်ပြင်တောင်၌ ပဉ္စမအကြိမ်မြောက် ကျင်းပသည့် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနားနှင့် သံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တပို့တွဲ လပြည့်နေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အဆိုပါစေတီရင်ပြင်တော်၌ ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ Coronavirus Disease 2019 (COVID19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေး (၆/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေး ၆/၂၀၂၁ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁:၀၀ နာရီအချိန်က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
ပွင့်လင်းရာသီတွင် အုတ်ဖုတ်ခြင်းလုပ်ငန်း ဆောင်ရွက်
Feb 26,2021
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ၌ အဆောက်အအုံများ ဆောက်လုပ်ရာတွင် ယခင်အခါက သစ်ဝါးများကို အသုံးပြုကြသော်လည်း ယခုအခါတွင် အုတ်ဖြင့်ဆောက်လုပ်လာကြရာ ပွင့်လင်း ရာသီတွင် အုတ်ဖုတ်ခြင်း လုပ်ငန်း ဆောင်ရွက်ကြသူ ပိုမိုများပြားလာကြောင်း သိရသည်။
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဝိုင်းမော်မြို့နယ်အတွင်း ယာဉ်ရပ်နားစခန်း တည်ဆောက်မှုအား သွားရောက်ကြည့်ရှုအားပေး
Feb 26,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ တန်ဘောင် ကျေးရွာတွင် ပြည်နယ်အတွင်း ကုန်စည်သိုလှောင်ဖြန်းဖြူးမှု လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ယာဉ်ရပ်နားစခန်း တည်ဆောက်ရေး စီမံကိန်းအား ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
ဆီဆိုင်မြို့မဈေးအနောက်ဖက်လမ်း(စိန်ပန်းလမ်း) ကတ္တရာခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်
Feb 26,2021
မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြို့မဈေးအနောက်ဖက်လမ်း (စိန်ပန်းလမ်း) ကတ္တရာခင်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းတွင် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်ထံမှ သိရသည်။