မိုင်းပန်မြို့နယ်တွင် သမဝါယမ၏ လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ (Talk Show) ကျင်းပ‌

 မိုင်းပန် ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများသမဝါယမဦးစီးဌာန ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများ အကြောင်းကို သိရှိနိုင်စေရန် သမဝါယမ၏ လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ (Talk Show) ကို မန်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မိုင်းပန်မြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဖြူသဲနွယ်က မိမိတို့ဌာနအနေဖြင့် ကျေးလက်နေပြည်သူများနှင့် မြို့ပြရှိ အခြေခံ လူတန်းစားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဦးတည်ချက် () ရပ်၊ လုပ်ငန်းစဉ် ()ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုင်းပန်မြို့နယ်မှာဆိုရင် မြို့နယ်သမဝါယမအသင်းစု()သင်းနှင့်အခြေ ခံသမဝါယမ အသင်းစု(၂၁)သင်း ပေါင်း(၂၂)သင်းရှိပြီး အသင်းသားဦးရေ(၁၁၂၀) ဦးဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလတ်တလောအချိန်တွင် ကမ္ဘာ့ဘဏ်မှချေးငွေရယူပြီး တောင်သူလယ်သမားများတွင် ပုံစံ()ရရှိပြီး သူပဲဖြစ်ဖြစ်၊ ပုံစံ()မရရှိသေးသည့်သူ ဖြစ်ဖြစ် အမှန်တကယ် လယ်ယာလုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်နေသူများကို ၂၀၂၁ခုနစ်ဧပြီလ(သို့မဟုတ်) ဇူလိုင်လများမှာ သွင်းအားစုများ ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

အိရွှေစင်လတ် (မြို့နယ်ပြန်/ဆက်)