မိုင်းပန်မြို့နယ်တွင် အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်(အေ)နှင့် သန်ချဆေးတိုက်ကျွေးခြင်း အစီအစဉ် ဆောင်ရွက်

မိုင်းပန် ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ မြို့ပေါ်()ရပ်ကွက်နှင့် တပ်နယ်တို့ရှိ  အသက်() နှင့် () နှစ်အောက် ကလေးငယ်များအား ဗီတာမင်(အေ)နှင့်သန်ချဆေး တိုက်ကျွေးခြင်းအစီအစဉ်ကို ဖေဖော်ဝါရီလ () ရက်နေ့နှင့် () ရက်နေ့ နံနက်ပိုင်းတို့တွင် ဆောင်ရွက်လျက်ကြောင်းသိရသည်။

မိုင်းပန်မြို့နယ်အတွင်းရှိ တပ်နယ်၊ အရှေ့ရပ်ကွက်၊ အလယ်ရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့် အနောက်ရပ်ကွက် အကွက်()()()()()() အတွင်းရှိ အသက် ()လနှင့် () နှစ်အောက်ကလေးငယ်များအား ဖေဖော်ဝါရီလ () ရက်နေ့ နံနက်ပိုင်းတွင်လည်းကောင်း၊ အနောက်ရပ်ကွက် အကွက် ()()()(၁ဝ+ရဲစခန်း)(၁၁)(၁၂) အတွင်းရှိ အသက် ()လနှင့် () နှစ်အောက် ကလေးငယ်များအား ဖေဖော်ဝါရီလ () ရက်နေ့တွင်လည်းကောင်း နေရာများခွဲ၍ အသီးသီး တိုက်ကျွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကလေးငယ်များ ဗီတာမင်ချို့တဲ့ခြင်းမှကာကွယ်ပေးပြီး ကျန်းမာသန်စွမ်း၍ ကိုယ်ခန္ဓာကြီးထွား ဖွံ့ဖြိုးကာ ဉာဏ်ရည်ထက်မြက် စေရန်အတွက် ရည်ရွယ်၍ ယခုကဲ့သို့တိုက်ကျွေးရခြင်း ဖြစ်ကြောင်း၊ ထိုသို့တိုက်ကျွေးရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များမှ လိုက်ပါကူညီတိုက်ကျွေးလျက် ရှိကြောင်း သိရသည်။

မိုင်းပန်(ပြန်/ဆက်)