ညောင်ဦး ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ သောက်သုံးရေခက်ခဲလျက်ရှိသည့် ရွာ သစ်တောင်ကျေးရွာသို့ ရေဂါလံ ၂၂၀၀ အား ယနေ့ နံနက် ၈ နာရီခွဲအချိန်က သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် သောက်သုံးရေရှားပါးမှုမှာ နွေမရောက်ခင်ကတည်းက ရှားပါးနေပြီဖြစ်ရာ ညောင်ဦးမြို့ပေါ် သောက်သုံးရေလှူဒါန်းရေး ပရဟိတအသင်းများက သွားရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ညောင်ဦးမြို့နယ်တွင် ယခုနှစ်အတွင်းမိုးရွာသွန်းမှု နည်းပါးခဲ့ရာ မြေသားသောက်ရေ၊ သုံးရေကန်များ ရေဝင်ရောက်မှုနည်းခဲ့ခြင်း၊ ရေဝင်ရောက်မှုမရှိခဲ့ခြင်းများကြောင့် ဆောင်းရာသီ အလယ်လောက်မှာပင် မြေသားရေ လှောင်ကန်များရေခန်းခြေက်ကုန်ခြင်းများရှိခဲ့ကာ ညောင်ဦးမြို့မှ သောက်သုံးရေလှူဒါန်းရေး ပရဟိတအသင်းများက သွားရောက်လှူဒါန်း နေရကြောင်း ဦးဝင်းမင်းထွန်းက ပြောကြားသည်။
ညောင်ဦးမြု့နယ်တွင် ကျေးရွာတိုင်းစက်ရေတွင်း၊ အဝီစိတွင်များ တူးဖော်ရေရရှိကြသော်လည်း ထုံးဓာတ်ပါဝင်မှုများပြားခြင်းကြောင့် သောက်သုံးကြရာတွင် ရေကြိုချက်မသောက်ပါက ဆီးကျောက်တည်ရောဂါအဖြစ်များခြင်း၊ ထမင်းဟင်းချက်ကြရာတွင် ထမင်း၊ ဟင်းပျက်စီးလွယ်ခြင်းများကြောင့် တိရစ္ဆာန်များအတွက်သာ အများအားဖြင့် အသုံးပြုကြကြောင်း ရွာသစ်တောင်ကျေးရွာသူ၊ ကျေးရွာသားများထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်းသောက်ရေသုံးရေများအား လှူဒါန်းလျက်ရှိကြရာ ယနေ့တွင်လည်း ရွာသစ်တောင်ကျေးရွာသို့ ရေဂါလံ ၂၂၀၀ဆံ ရေဘောက်ဆာကားဖြင့် သွားရောက်လှူဒါန်း ကြကြောင်း၊ ရွာသစ်တောင်ကျေးရွာတွင် အိမ်ခြေ ၁၆၀ ကျော်ရှိပြီး ၊လူဦးရေ ၇၀၀ကျော် နေထိုင်သည့်ကျေးရွာဖြစ်ကြောင်းသိရသည်။
ညောင်ဦးမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းတွင်တည်ရှိသည့် မြို့ဖြစ်ကာ တစ်နှစ်ပတ်လုံးမှ မိုးရေချိန် ၂၀ လက်မ ရွာသွန်းသည်ဆိုသော်လည်း ယခုနှစ်တွင် မိုးရွာသွန်းမှုအလွန်နည်းကာ မိုးရာသီစိုက်ပျိုးကြသည့် ကောက်ပဲသီးနှံများလည်း မိုးရွာသွန်းမှုအလွန် နည်းခဲ့ခြင်းကြောင့် ပျက်စီးမှုများပြားခဲ့ခြင်းနှင့် မြေသားသောက်သုံး ရေကန်များ ရေဝင်ရောက်မှုမရှိခဲ့ခြင်းက လူနှင့်တိရစ္ဆာန်များအတွက် သောက်သုံးရေပိုမို ခက်ခဲစေခဲ့ကြောင်းသိရပြီး ညောင်ဦးမြို့နယ်ရှိ ကျေးရွာများ၊ တဲတိုက်များသို့ သောက်သုံး ရေလှူဒါန်းလိုပါက သောက်သုံးရေလှူဒါန်းရေး ပရဟိတအဖွဲ့မှ ဦးဝင်းမင်းထွန်း ဖုန်းနံပါတ် ၀၉၆၉၆၉၂၆၂၆၃၊ ညောင်ဦးမြို့ ရေလှူဒါန်းရေး ဥပဒေမိသားစု ပရဟိတအဖွဲ့ ဦးစန်းဝင်း ခရိုင်ဥပဒေအရာရှိ ဖုန်း ၀၉၇၉၁၁၁၈၂၄၄ သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။
ကိုထိန်၊KPD