ကျောက်ထု ဖေဖော်ဝါရီ ၂၆
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ၌ အဆောက်အအုံများ ဆောက်လုပ်ရာတွင် ယခင်အခါက သစ်ဝါးများကို အသုံးပြုကြသော်လည်း ယခုအခါတွင် အုတ်ဖြင့်ဆောက်လုပ်လာကြရာ ပွင့်လင်း ရာသီတွင် အုတ်ဖုတ်ခြင်း လုပ်ငန်း ဆောင်ရွက်ကြသူ ပိုမိုများပြားလာကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ကြခြင်းနှင့်စပ်လျဉ်း၍ “ အဆောက်အအုံအတွက် အုတ် (မြေအုတ်) ကို အသုံးပြုသူ များပြားလာတဲ့အလျောက် အုတ်ဖုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ကြသူ များပြားလာပါ တယ်၊ အုတ်ကျက်ကြောင်း အာမခံပေးနိုင်တဲ့အဆင့်ရှိအောင် ဆောင်ရွက်ရပါတယ်၊ မှာကြား သူထံ အရောက်ပို့စနစ်နဲ့ အုတ်တစ်ချပ် ၂၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးပါတယ်” ဟု အုတ်ဖုတ် ခြင်း လုပ်ငန်းဆောင်ရွက်သူ ကျောက်ထုမြို့မှ ဦးမြင့်စိုးက ပြောသည်။
အုတ်ဖုတ်ရာတွင် အုတ်ဖုတ်မည့်မြေ၊ ရေ၊ သဲနု၊ ဖွဲတို့လိုအပ်ကြောင်း၊ ထင်းမီးကိုအသုံးပြုရပြီး အသင့်သုံး အုတ်ချပ်များရသည်အထိ အချိန်တစ်ပတ်ခန့် ထင်းမီးဖြင့် ဖုတ်ရကြောင်း၊ အုတ်ဖုတ် လုပ်ငန်းမှ မိသားစုဝင်ငွေ ရရှိကြောင်း သိရသည်။
မောဟေမာန် (ပြန်ဆက်)