စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးတင်မောင်ဆွေ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ Video Conferencing စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၂၈ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးတင်မောင်ဆွေသည် ယမန်နေ့ နံနက်(၁၀)နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ Video Conferencing စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ အပါအဝင် ခရိုင်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများအား မိမိတို့ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာလုံခြုံရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိရာတွင် လတ်တလော တွေ့ကြုံနေရသော အခက်အခဲများ၊ ရုံးလုပ်ငန်းများ စဉ်ဆက်မပျက် လုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဒေသတွင်းခရီးသွားကုန်စည်ကူးသန်းရောင်းဝယ်နေမှု အခြေအနေများအပြင် ပညာရေး၊ ကျန်းမာရေးတို့နှင့် စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးကြရန် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်(၁၁) ခရိုင်တို့မှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မိမိတို့ဒေသအတွင်း ဖြစ်ပေါ်လျက်ရှိသော လုံခြုံရေး အခြေအနေဆောင်ရွက်နေမှုများနှင့် ခရီးသွားပြည်သူများ အမြန်ဆုံးသွားလာမှု လွယ်ကူအောင် ရေလမ်းကုန်းလမ်းခရီးသွား ကုန်စည်ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လမ်းများကို COVID-19 ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပေးရန်နှင့် ရှေးဟောင်း နယ်မြေများရှိ ဘုရားစေတီပုထိုးများလွတ်လပ်စွာ ဖူးမြှော်နိုင်ရေး ဖွင့်လှစ်ပေးရန်၊ COVID-19 ရောဂါ ကာကွယ်ဆေးများ ထိုးနှံရန်အတွက် လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ရှင်းလင်း တင်ပြချက်များအပေါ် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးက လုပ်ငန်းကဏ္ဍများ အလိုက် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ တိုင်းဒေသကြီး (ပြန်/ဆက်)