ဆီဆိုင် ဖေဖော်ဝါရီ ၂၆
မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြို့မဈေးအနောက်ဖက်လမ်း (စိန်ပန်းလမ်း) ကတ္တရာခင်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းတွင် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်ထံမှ သိရသည်။
ဆီဆိုင်မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် (၂၂.၅၁၅)သန်းဖြင့် တင်ဒါအောင်မြင်သော လင်းဖြူအောင်ကုမွဏီမှ တာဝန်ယူဆောင်ရွက်သည့် အရှည် ၇၆၀ ပေ၊ အကျယ် ၁၈ ပေ၊ ထု ၉ လက်မရှိ ဆီဆိုင်မြို့မဈေးအနောက်ဖက်လမ်း (စိန်ပန်းလမ်း) ကတ္တရာခင်းခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)