ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၁)ကျင်းပ

ဟားခါး  ဖေဖော်ဝါရီ  ၁၅

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၁) ကို ယနေ့နံနက် ၁၀ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ လမ်းညွှန်ချက်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ညွှန်ကြားချက် များအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက မိမိဌာန အလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြကြရာ တင်ပြချက်များ အပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)