စစ်ကိုင်း ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်လှူဒါန်းသော ဆွမ်းဆန်တော်များအား စစ်ကိုင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက လေးကျွန်းမြေအုဠ်ကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှူဒါန်းပွဲတွင် အုဠ်ကျောင်းတိုက်ဆရာတော် ဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တဓမ္မပ္ပီယာလင်္ကာရ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။
ထို့နောက် ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက သာသနာရေးဆိုင်ရာများ လျောက်ထားခဲ့ကာ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
အလားတူ တိုက်ဝါကြီးကျောင်း ဦးစီးပဓာနနာယက၊ မြို့နယ်သံဃာ့နာယကအဖွဲ့(ရွှေကျင်) ဥက္ကဋ္ဌ ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
စစ်ကိုင်းခရိုင် ပြန်/ဆက်