၇၄ နှစ်မြောက် ပြည်ထောင်စုနေ အခမ်းအနား ကျင်းပ

ပခုက္ကူ ဖေဖော်ဝါရီ ၁၂

၇၄ နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားပွဲကို ယနေ့ နံနက် ၇ နာရီက ပခုက္ကူမြို့ နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ထံမှပေးပို့သော သဝဏ်လွှာကို ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်အံ့မောင်က ဖတ်ကြာသည်။

အဆိုပါအခမ်းအနားသို့ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်းသိရသည်။

ကိုဇော်