(၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ဖာပွန်မြို့၌ ကျင်းပ

ဖာပွန် ဖေဖော်ဝါရီ ၁၂

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင် အခမ်းအနားကို ယနေ့နံနက် (၅) နာရီခွဲအချိန်က ဖာပွန်မြို့၊ အမှတ် (၂) ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းရှေ့ ဘောလုံးကွင်း၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုစစ်ရေးပြအဖွဲ့မှ ဦးဆောင်၍ နိုင်ငံတော်အလံနှင့် ကျဆုံးနေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို အဆိုပါကျောင်းရှေ့ ဘောလုံးကွင်း၌ နံနက် (၇) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် တက်ရောက် လာသူများက နိုင်ငံတော် အလံအားအလေးပြုကြပြီး ဖာပွန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးဇော်ဇော်ဦးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဖာပွန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးဇော်ဇော်ဦး၊ ဖာပွန်မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးစိုးညွှန့်ဦး၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ များတက်ရောက်ကြပြီး အခမ်းအနားအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရှိရသည်။

စိုင်းကျော်ဝဏ္ဏ၊ စောအောင်မျိုးလွင် (ပြန်ဆက်)