မြစ်ကြီးနား ဖေဖော်ဝါရီ ၁၂
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၁)မှ ကချင်ပြည်နယ် အတွင်း တည်ဆောက်သွားမည့် ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတားအမှတ် (၂)တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ထံ ရှင်းလင်းတင်ပြခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။
ဧရာဝတီမြစ်ကူးတံတား ဗလမင်းထင်အမှတ် (၂)တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင် များအား ပြည်နယ်လမ်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူးနှင့် တံတားအထူးအဖွဲ့(၁) ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနည်လှက လက်ရှိ အသုံးပြုလျက်ရှိသည့် တံတား အဟောင်း၏ အောက်ဖက်မီတာ(၄၀)အကွာတွင်တံတားအရှည်(၃၂၁၂)ပေ (၉၇၉ မီတာ)နှင့် အကျယ်ယာဉ်သွားလမ်း (၂၄)ပေ၊ လူသွားလမ်း တစ်ဖက်လျှင် (၃)ပေစီရှိ သံကူကွန်က ရစ်ရေလည်တိုင်နှင့် ကမ်းကပ်ခုံ၊ Steel Truss ၊ Steel Box Girder and RCC Slab အမျိုး အစားတံတား တည်ဆောက်သွားမည့်အခြေအနေ၊ ကနဦးအကြို အင်ဂျင်နီယာလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေနှင့် တံတားသစ်စီမံကိန်းနှင့်မလွတ်သည့် မြေယာကိစ္စအခက်အခဲများကို တံတားပုံစံငယ်၊ ပါဝါပွိုင့်နှင့် တကွ ရှင်းလင်း တင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တံတားသစ်စီမံကိန်းလုပ်ငန်း ဆောင်ရွက် မှုအပေါ် ပြည်သူများထိခိုက်နစ်နာမှုမရှိစေရေး မြေယာကိစ္စ ရပ်များအား အတတ်နိုင်ဆုံးနှင့် အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ရေး၊ တံတားသစ်စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ချက်အတိုင်း အရည် အသွေးမီတည်ဆောက် သွားရေး၊ တံတားအဟောင်းကိုလည်း ကြံ့ခိုင်မှုရှိစေရန် ထိန်းသိမ်းဆောင်ရွက် သွားရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ တံတားသစ်စီမံကိန်းကို ဘဏ္ဍာနှစ် (၃)နှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး တံတား ၏ခွင့်ပြုအလေးချိန်မှာ ယာဉ်တစ်စီးချင်း (၇၅) တန်ဖြတ်သန်းသွား လာနိုင်မည်ဖြစ်ကာ တံတားသစ်ပြီးစီး ပါက တံတားအဟောင်းနှင့် အသွားလမ်း/ အပြန်လမ်း (၄)လမ်းသွားအဖြစ် အသုံးပြုသွားနိုင်မည်ဖြစ် ကြောင်းနှင့် လက်ရှိအသုံးပြုနေ သော ဗလမင်းထင်တံတားသည် နှစ်ပေါင်း (၂၅)နှစ်ခန့်ရှိနေပြီဖြစ် ကြောင်း တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)မှ သိရှိရသည်။
ပြည်နယ်ပြန်/ဆက်