မြိတ် ဖေဖော်ဝါရီ ၁၂
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ယနေ့ နံနက်(၇)နာရီက ပုလဲရတနာခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြ သည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား တက်ရောက်လာကြသူအားလုံးက ဦးညွှတ်အလေးပြုခဲ့ကြပြီး နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သော (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး က ဖတ်ကြားပြီး အခမ်းအနား ရုပ်သိမ်း လိုက်ကြောင်းသိရသည်။
မြိတ်ခရိုင် (ပြန်/ဆက်)