လသာမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

လသာ ဧပြီ ၂၄

လသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ် အထက် သက်ကြီးဘိုးဘွားများနှင့်  ဌာနဆိုင်ရာ ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းကို  ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် အမှတ်(၃) ရပ်ကွက် လမ်း ၂၀ ရှိ မြို့နယ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်၊၊

ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသည့် လုပ်ငန်းကို ဧပြီလ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ ဆောင်ရွက်ပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသည့် လုပ်ငန်းကို မတ်လ(၂၂)ရက်နေ့တွင် စတင်ခဲ့ ကြောင်းနှင့် လူဦးရေ စုစုပေါင်း(၁၅၆၇)ဦးကို ထိုးနှံပေးခဲ့ကြောင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးရာတွင် ယနေ့အထိ လူဦးရေ (၈၉၆)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်၊၊      

မြို့နယ် (ပြန်/ဆက်)