မောင်တော ဧပြီ ၂၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကုန်တင်ကုန်ချကော်မတီရုံးရှိ အလုပ်သမား (၁၁၁) ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဧပြီ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်မှစ၍ မြို့နယ်ပြည်သူ့ ဆေးရုံနှစ်ထပ်ဆောင်တွင် စတင်ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲနှင့် တာဝန်ရှိ သူများက လာရောက်ကြည့်ရှုခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက လာရောက်ထိုးနှံ သည့် အလုပ်သမားများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေး ကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြသည်။
မောင်တောမြို့နယ် ကုန်သွယ်ရေးစခန်းရှိ ကုန်တင်၊ ကုန်ချ အလုပ်သမား ၁၁၁ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာ ကွယ် ထိန်းချုပ်နိုင်ရေးအတွက် အလုပ်သမားများအား ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင် များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
မောင်တောမြို့နယ်တွင် ကုန်သွယ်ရေးစခန်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၄ ရက်နေ့ ပိတ်ထားခဲ့ရာမှ ယခုအခါ ၂၀၂၁ ခုနှစ် ဧပြီ ၁၂ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ကာ ပုံမှန်အတိုင်း လှည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း ကုန်သွယ်ရေး စခန်းတာဝန်ခံထံမှ သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)