သတင်းများ

သောက်သုံးရေအခက်ကြုံနေသော ကျေးရွာများသို့ သောက်သုံးရေသွားရောက်လှူဒါန်း
Apr 23,2021
ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်၍ သောက်သုံးရေ နည်းပါးလာသည်နှင့် အမျှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်သည့် ဖြုတ်ခွဲကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာနှင့် ဖက်တဲကုန်းကျေးရွာများသို့ သောက်သုံး ရေဂါလံ(၁၀၀၀)စီအား ယမန်နေ့ မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်နေခြည်ဇာဝေနှင့် ဝန်ထမ်းများက သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
လယ်ဝေးမြို့၌ မြန်မာ့သိုင်းအခြေခံသင်တန်းဖွင့်လှစ်
Apr 23,2021
ပြည်ထောင်စုနယ်၊ နေပြည်တော် လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မြန်မာ့သိုင်းအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက လယ်ဝေးမြို့နယ် စမတောင်မဟာပရ ဟိတကျောင်းတွင် ဖွင့်လှစ်သည်။
ကော့သောင်းခရိုင် တရားမဝင်ကုန်သွယ်မှုတားဆီးရေး အထူးအဖွဲ့ တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Apr 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း တရားမဝင်ကုန်စည်စီးဆင်းမှုများအား တားဆီးထိန်းချုပ်နိုင်ရေး ကော့သောင်းခရိုင် တရားမဝင်ကုန်သွယ်မှု တားဆီးရေး အထူးအဖွဲ့ဖြစ်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ကော့သောင်းမြို့နယ်အတွင်း တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ်ရေးလုပ်ငန်းများ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး
Apr 23,2021
၂၀၂၁ ခုနှစ် ဧပြီလအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ဧပြီ ၂၁ ရက်မှစတင်ကာ ထုတ်ပေးလျက်ရှိရာ ဧပြီ ၂၁ ရက်တွင် ၅၀၀ ဦး၊ ဧပြီ ၂၂ ရက်တွင် ၄၆၈ ဦးတို့အတွက် ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်တွင် တောင်သူလယ်သမားများအား စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ
Apr 23,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် စက်မှုလယ်ယာဦးစီး ဌာနက စပါးစိုက်ပျိုးသည့် တောင်သူလယ်သမားများအား လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ အလုပ်သမားရှာဖွေရသည့် အခက်အခဲလျေားကျခြင်းနှင့် လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှု ပိုမိုလျင်မြန်စေရန်ရည်ရွယ်ကာ စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ သစ်စိမ့်ပင်ကျေးရွာ၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် တိုင်းစီယမ်ကုမ္ပဏီ၊ ချစ်ကြည်ရေးကုမ္ပဏီလီမိတက်အဖွဲ့တွေ့ဆုံ
Apr 23,2021
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် တိုင်းစီယမ်ကုမ္ပဏီနှင့် ချစ်ကြည်ရေးကုမ္ပဏီလီမိတက်တို့ အကြား တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး
Apr 23,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ထုတ်ပေးလျက်ရှိရာ လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ပင်စင်စား မိဘပြည်သူများ အား သတ်မှတ်ရက်များဖြင့် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ဆိုင်ရာ ထိန်းချုပ်ရေးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ ဆေးရုံများ ရာနှုန်းပြည့် ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Apr 23,2021
ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ဆိုင်ရာ ထိန်းချုပ်ရေးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ ဆေးရုံများ ရာနှုန်းပြည့် ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။