ရန်ကုန် ဧပြီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံခြင်းကို ဦးစားပေးအုပ်စုလိုက် ခွဲခြားထားပြီး ယခုတစ်ကြိမ် ထိုးပေးသူများမှာ အသက်(၆၅)နှစ်အထက် သက်ကြီး အဖိုးအဖွားများနှင့် နိုင်ငံ့ဝန်ထမ်းများကို ဒုတိယအကြိမ်အဖြစ် ဧပြီလ ၂၀ ရက်နေ့မှ ၂၈ ရက်နေ့ထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ လူဦးရေအကန့်အသတ်မရှိ မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်လုံးလျှင် လူ(၁၀)ဦးအထိ ထိုးနှံနိုင်ပြီး လူတစ်ဦးလျှင် (၂)ကြိမ် (၂၈ ရက်အကြာ) ထိုးနှံပေးရမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရ သည်။
စန္ဒာမိုး(ပြန်/ဆက်)