ကြို့ပင်ကောက် ဧပြီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ အနောက်ဘက်ခြမ်းမှ သုံးရေလိုအပ်လျက်ရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် ဒေသခံပြည်သူများမှ သုံးရေများလိုအပ်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီး ဌာနသို့ ဆက်သွယ်အကူအညီတောင်းခံလာသဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေယံဦးနှင့် တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ်များဖြင့် သွားရောက်၍ ဖြန့်ဝေလှူဒါန်းလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့မီးသတ်ဦးစီးဌာနကို ဆက်သွယ်အကူအညီတောင်ခံလာလို့ အခုဧပြီလအတွင်းမှာပဲ ရေဂါလံ (၈၀၀)ဆံ့ ရေကား ဆယ်စီး ဖြန့်ဝေလှူဒါန်းပြီးပါပြီ စက်တိုင်ကုန်းရပ်ကွက် လူထုခေတ်သစ် ဘုန်းတော်ကြီး ကျောင်းကို လေးစီး၊ ဥက္ကံကျေးရွာအုပ်စု ကုန်းမြင့်ကျေးရွာကို ခြောက်စီးလှူဒါန်းခဲ့ပါတယ်” ဟုပြောကြား သည်။
လူထုခေတ်သစ်ဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးတစ်ပါးက ကျောင်းတွင် သောက်ရေအတွက် ရေသန့် ဘူးအလှူရှင်တွေရှိကြောင်း သုံးရေသာ လိုအပ်လျက်ရှိကြောင်း၊ ကျောင်းမှ အဝီစိတွင်းက တစ်နေ့ လျှင် ရေဂါလံ လေးရာလောက်သာထွက်၍ သုံးရေလိုအပ်နေတဲ့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနကို ဖုန်းဆက်အကူ အညီ တောင်းခံရကြောင်း မိန့်ကြားသည်။
ကြို့ပင်ကောက်မြို့နယ်အတွင်းမှ နွေရာသီရေရှားပါ၍ ရေလိုအပ်လျက်ရှိသော ဒေသခံပြည်သူများမှ ၀၅၃-၅၀၅၀၂၊ ၀၉ ၄၅၃၀၀၈၉၀၃ နှင့် ၀၉၄၂၂၈၄၁၇၇၅ တို့သို့ ဆက်သွယ်အကူအညီတောင်ခံလာပါက အမြန်ပေးပို့ လှူဒါန်းဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေယံဦးက ပြောသည်။
ဇေယျာထွန်း(ပြန်/ဆက်)