လယ်ဝေး ဧပြီ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ်၊ ရေကြီးနစ်မြုပ် ပျက်စီးသွားသည့် သီးနှံစိုက်ဧကများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၃)နာရီက လယ်ဝေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းရွှေက ရေကြီးနစ်မြုပ် ပျက်စီးသွား သည့် သီးနှံများအတွက် တောင်သူကြီးများ ဆုံးရှုံးမှုတန်ဖိုး သက်သာစေရန်အတွက် ထောက်ပံ့ငွေ များ ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး လယ်ဝေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစောဝင်းက နှောင်နှစ်တွေမှာ ရေကြီးနစ်မြုပ်မှုဖြင့် သီးနှံများပျက်စီး ဆုံးရှုံးမှုလျော့နည်း အောင် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားသည်။
လယ်ဝေးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ခုနှစ် ရေကြီးနစ်မြုပ်ပျက်စီးသွားသည့် သီးနှံစိုက်ဧကများအတွက် တောင်သူ(၁၀၆)ဦး၏ (၂၀၉)ဧကအား ထောက်ပံ့ငွေ(၁၅၅၀၀၀၀)ကျပ်ကို ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)