ကျောက်မဲမြို့တွင် မိုးကြိုကြံချေးငွေများ ထုတ်ချေးပေး

ကျောက်မဲ  ဧပြီ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ၂၀၂၁ခုနှစ် မိုးကြိုကြံချေးငွေများကို ကြံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျောက်မဲခရိုင် ဘဏ်ခွဲမှတောင်သူများအား  ဧပြီ ၁၉ ရက်နေ့မှ ဧပြီ ၂၃ ရက်နေ့အထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ယခုနှစ် ၂၀၂၁ ခုနှစ်တွင် ကျောက်မဲမြို့နယ်ရှိ ကျေးရွာအုပ်စု ၈ အုပ်စုရှိ ကြံစိုက်တောင်သူ ၃၇၉ ဦးအား ကြံစိုက်ဧက ၂၄၅၆ ဧကအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျောက်မဲခရိုင် ဘဏ်ခွဲမှ မိုးကြိုကြံချေးငွေ ၂၄၅,၆၀၀,၀၀၀/- (ကျပ်နှစ်ထောင့်လေးရာငါးဆယ့်ခြောက်သိန်း)ကို အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ယခင်နှစ်ကလည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကျောက်မဲမြို့နယ်အတွင်းရှိ ကြံစိုက်တောင်သူများအား မိုးကြိုကြံချေးငွေ ၂၄၂,၂၀၀,၀၀၀/-(ကျပ်နှစ်ထောင့်လေးရာနှစ်ဆယ့်နှစ်သိန်း) ထုတ်ချေးပေးနိုင်ခဲ့ပြီး အဆိုပါချေးငွေများကို အကျေပြန်လည်ဆပ်ပြီးသော တောင်သူများအား  ယခုနှစ်တွင် ထပ်မံထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)