ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အမှတ်(၃)တပ်မတော်စစ်ဆေးရုံ ခုတင်(၃၀၀) သွားရောက် ထောက်ပံ့ငွေပေးအပ်
Apr 28,2021
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၇)နာရီက ကျိုင်းတုံမြို့ရှိ သီလဓမ္မကုန်းသာတောရကျောင်းတိုက် (ဝစီပိတ်)ဆရာတော်ဘုန်းတော်ကြီးအား သွားရောက်ဖူးမျှော်ကာ အာရုံဆွမ်းနှင့်လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မဟာမြတ်မုနိဘုရားအား သွားရောက်ဖူး၍ ပန်း၊ ရေချမ်း၊ ဆီမီး၊ ရွှေသင်္ကန်းဆက်ကပ်ကာ အလှူတော်ငွေများ ပေးအပ်လှူဒါန်းကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပေးခဲ့ကြောင်း သိရသည်။