ပြည် ဧပြီ ၂၈
(၇၅)နှစ်မြောက် (စိန်ရတု) မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးအေးကျော်နှင့် တပ်ဖွဲ့ဝင်များက ပြည်ခရိုင်အတွင်းရှိ မြို့နယ်ခြောက် မြို့နယ်တွင် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဧပြီ ၁၂ ရက်က ပြည်မြို့ ရွှေဆံတော်စေတီတော်မြတ်ကြီးနှင့် တိုင်းပြည် လုံးချမ်းသာ ဆယ်ထပ်ကြီးဘုရားကြီးတို့တွင် သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ရေသပ္ပါယ်ခြင်း၊ ဧပြီ ၂၀ ရက်တွင် ခေတ္တရာဘိုးဘွားရိပ်သာ၌ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဧပြီ ၂၆ ရက်တွင် ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီး၌ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် သွေးလှူဌာနတွင်သွေးပုလင်း (၃၀) လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ယင်းအပြင် ပြည်ခရိုင်အတွင်း မြို့နယ်ခြောက် မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ကျေးရွာအချို့တို့တွင်လည်း စုပေါင်းသန့်ရှင်းရေးဆောင် ရွက်ခြင်း၊ သောက်သုံးရေဂါလန် စုစုပေါင်း (၁၃၆၀၀) ဂါလန် လှူဒါန်းခြင်းနှင့် ဘုရားစေတီများ ရေသပ္ပါယ်ခြင်း စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ခရိုင် (ပြန်/ဆက်)