ငဖဲမြို့နယ် ပင်ဦးကျေးရွာတွင် စပျစ်စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်း
Apr 29,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပင်ဦးကျေးရွာမှတောင်သူများ အနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် ဥယျာဉ်ခြံမြေစိုက်ပျိုးရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်လျက်ရှိရာ ကျေးရွာ၏မြောက်ဘက်ရှိကိုင်းမြေတွင် မြေအောက်ရေကိုအသုံးပြု၍ အီတလီနံပါတ် ၃ စပျစ်မျိုးကို စိုက်ပျိုးထားရှိရာအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။