တံတားဦးမြို့နယ် အင်းဝဒေသ နန်းမယ်တော်မယ်နုအုဌ်ကျောင်းသို့ ပြည်တွင်းပြည်ပ ခရီးသွားဘုရားဖူးများလာရောက်လေ့လာသူများပြား

တံတားဦး  ဧပြီ  ၂၈

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အင်းဝဒေသသည် အထင်ကရနေများတွင် ယဉ်ကျေးမှုအမွေအနှစ် ထွန်းကားသည့်နေရဖြစ်သော သာသနိကဆောက်အအုံများ၊ ဘုရားစေတီများ လေ့လာစရာများစွာ ရှိသည်။

အောင်မြေဘုံစံအုဌ်ကျောင်းခေါ် နန်းမယ်မတော်မယ်နုအုဌ်ကျောင်းတော်ကြီးသည် တံတားဦးမြို့နယ် ဥတည် ကျေးရွာတွင် တည်ရှိပြီး အင်းဝမြို့ဟောင်း မဟာဆုတောင်းပြည့် ထီးလှိုင်ရှင်ဘုးရား၏ မြောက်ဘက် ၊ ဧရာတီ မြစ်ကမ်းဘေး၌တည်ရှိပြီး ရှေးဟောင်းဗိသုကာလက်ရာများဖြင့် ထင်ရှား ကျော်ကြားသော သမိုင်းဝင်အဆောက်အဦး ဖြစ်သည် ။

စတုတ္ထအင်းဝမြို့တည် နန်းတည် ဘကြီးတော်မင်းတရားကြီးနှင့် မိဘုရားခေါင် နန်းမယ်တော် မယ်နုတို့မှ ခရစ်နှစ် ၁၈၂၂ခုနှစ်တွင် ညောင်ကန်ဆရာတော် ဦးပိုးအား ဆောက်လုပ်လှူဒါန်း ခဲ့ပါကြောင်း ၊ အဆောက်အဦး၏ အကျယ်အဝန်းမှာ အလျား(၁၉၂)ပေ ၊ အနံ(၁၁၂)ပေ ၊ အမြင့်(၉၄)ပေရှိပြီး အဆောက်အဦး၏ ကုန်ကျစရိတ်မှာ သမိုင်းအထောက်အထားများရ အချို့သော သမိုင်းဆရာများက (၃)သိန်းဟု ဖော်ထုတ်ရေးသားကြသလို အချို့သောသမိုင်းဆရာများက (၃)သောင်းဟု ဖော်ထုတ်ရေးသားကြပါကြောင်း ကျောင်းတော်ကြီးကို (၁၂၀၀)ပြည့်နှစ် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခြင်းကြောင့် ဘကြီးတော်မင်းတရားကြီး၏ မျိုးဆက်ဖြစ်သော မင်းတုန်းမင်း၏ မိဖုရားဖြစ်သော ဆင်ဖြူမရှင်မှ ပြန်လည် ပြုပြင်မွမ်းမံခဲ့ကြောင်း လေ့လာသိရှိရသည်။

ကျောင်းတော်ကြီး၏ အရှေ့ဘက်၌ သရက်ကင်းလှေကားသုံးစင်း ၊ တောင်ဘက်နှင်မြောက်ဘက် တို့တွင် (၂)စင်းစီနှင့် အနောက်ဘက်တွင် (၁)စင်း စုစုပေါင်း(၈)စင်းပါရှိပြီး လှေကားများတွင်  ထူးခြားသော ပန်းကနုတ်များ ထုထည်ကြီးမားစွာဖြင့် ဆောက်လုပ်ထားပါကြောင်း ကျောင်းတော်ကြီး၏ ဘေးပတ်လည် စင်္ကြံပတ်လမ်းတွင် တစ်ခုနှင့်တစ်ခု လက်ရာမတူဘဲ တည်ဆောက်ထားပြီး မုဒ်ပေါက်များစွာပါရှိကြောင်း ကျောင်းတော်ကြီး၏ အရှေ့ဘက်တွင် ဘုံခုနှစ်ဖြင့် တည်ဆောက်ထားသော ကျောင်းဦးပြာဿဒ်ပါရှိပြီး အဝင်ပေါက် မုဒ်ကြီးများတွင် မုဒ်နှစ်ထပ်၌ တုရင် ၊ ကြေးကွေး ၊ ဆိုင်ပေါင် အစရှိသောထုထည်ကြီးများသည့် ဗိသုကာပန်းတော့လက်ရာများဖြင့် တည်ဆောက်ထားပါကြောင်း ကျောင်းတော်ကြီးတွင် လယ်ဘော်သုံးထပ်ဖြင့် တည်ဆောက်ထားသော ဇေတဝန်ဆောင်လည်း ပါရှိကြောင်းလေလာတွေ့ရှိရသည် ။

အောင်မြေဘုံစံအုဌ်ကျောင်းခေါ်နန်းမယ်မတော်မယ်နုအုဌ်ကျောင်းတော်ကြီးသည် ဇေတဝန်ဆောင် နှင့်ပြဿဒ်ဆောင်တို့ပါဝင်သော သစ်သားဘုန်းတော်ကြီးကျောင်းနှင့် ပုံသဏ္ဌာန်တူ တည်ဆောက် ထားပြီး လက်ရာမြောက်သော ကုန်းဘောင်ခေတ်နှောင်း မြန်မာ့ဗိသုကာ ပန်းရံ ၊ ပန်းတော့ အနုလက်ရာများကြောင့် ထင်ရှားကျော်ကြားသည့် ကျောင်းတော်ကြီးသို့ ပြည်တွင်းပြည်ပ ဘုရားဖူးခရီးသွားပြည်သူများ ၊ စာတမ်းပြုစုလေ့လာလိုသူများဖြင့် စည်ကားစွာ လေ့လာကြကြောင်း သိရသည် ။

ရဲတင့်(တံတားဦး-ပြန်/ဆက်)