ပဲခူးတိုင်းစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ နတ်တလင်းမြို့နယ်၏ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နတ်တလင်း ဧပြီ ၂၈

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ နတ်တလင်းမြို့နယ်၏ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ကို ကြည့်ရှုစစ်ဆေးရန်အတွက် ယမန်နေ့ နေ့လယ် ၁ နာရီခွဲက ရောက်ရှိခဲ့သည်။

ရှေးဦးစွာ နတ်တလင်းမြို့နယ် ကျခတ်ဝါးရုံကျေးရွာတွင် စိုက်ပျိုးထားသော မှော်ဘီကောက်ညှင်းမွှေး စပါးခင်းနှင့် နတ်တလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက် ပေးထားသော အရှည် ၀.၅ မိုင်ရှိ ကျေးလက်ဒေသကုန်ထုပ်လမ်းတို့ကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ နတ်တလင်းမြို့သူ၊ မြို့သားများ စုပေါင်းဆောင်ရွက် လုပ်ကိုင်လျက်ရှိသည့် We Love Nattalin အမည်ရှိ အများပြည်သူ အပန်းဖြေစခန်း တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးကော်မတီအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိတို့က ရှင်းလင်းပြသသည်။

ထို့နောက် မြို့နယ်ပါတီယူနစ်အဆောက်အဦးအဟောင်း မြို့နယ်စစ်မှုထမ်းဟောင်းရုံးနှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေနုတ်မြောင်း တူးဖော်နေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး၍ မြို့နယ်တာဝန် ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)