နတ်တလင်း ဧပြီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြိုပေါ်ရှိ ရေနုတ် မြောင်းများကို တူးဖော်၍ အုတ်မြောင်းများအဖြစ် ဆောင်ရွက်နေခြင်းကို ဧပြီလ တတိယအပတ်မှ စ၍ ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည်။
နှစ်စဉ်နှစ်တိုင်း မြို့ပေါ်ရှိ ရေနုတ်မြောင်းများကို တူးဖော်သော်လည်း ရေစီးရေလာကောင်းမွန်မှုမရှိ သောကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေဝပ်ပါတယ် ရေဝပ်တော့ ကလေးတွေခြင်ကိုက်ခံရပြီး သွေးလွန် တုပ်ကွေးရောဂါ ဖြစ်တတ်ကြတော့ ခုလိုရေနုတ်မြောင်းကို အကျယ်လေးပေ အနက်လေးပေ လောက်ရှိတဲ့ အုတ်မြောင်းများအဖြစ် ဆောင်ရွက်လိုက်တဲ့အတွက် ယခုနှစ်ကစပြီး ရေစီး ကောင်းမွန် သွားမှာဖြစ်ပါကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိမှ ရှင်းလင်းပြောကြားပါသည်။
ရေနုတ်မြောင်းတူးဖော်၍ အုတ်စီခြင်းလုပ်ငန်းကို ဧပြီလ တတိယပတ်မှ စတင်ဆောင်ရွက်လုပ်ကိုင် လျက်ရှိရာ မေလအကုန်တွင် အားလုံးပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်