တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

မြိတ် ဧပြီ ၂၈

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်သည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်‌ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကျွန်းစုမြို့နယ်ရှိ ခေတ်မီရေငန်ပုဇွန် မွေးမြူရေး စီမံကိန်းများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ရှေးဦးစွာ ကျွန်းစုမြို့နယ် မစမ်းပါးကျေးရွာရှိ ခိုင်ဇင်ယော်ကုမ္ပဏီ ခေတ်မီရေငန်ပုဇွန် မွေးမြူရေး စီမံကိန်းသို့ ရောက်ရှိရာ စီမံကိန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးစန်းမောင်က ရေငန်ပုဇွန်မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ရေငန်ပုဇွန်မွေးမြူ ‌ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ကြ သည်။

ထိုမှတစ်ဆင့် ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာရှိ ပြည်ဖြိုးထွန်းကုမ္ပဏီ၏ ရေငန်ပုဇွန် မွေးမြူရေး စီမံကိန်းသို့ သွားရောက်ခဲ့ရာ စီမံကိန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးလှသန်းက ရေငန်ပုဇွန်မွေးမြူ‌ ထုတ်လုပ်‌နေမှုများအား လိုက်လံရှင်းလင်းပြသခဲ့ပြီး စီမံကိန်းရှင်းလင်းဆောင်တွင် စီမံကိန်း ဆိုင်ရာများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည် များ လမ်းညွှန်မှာကြား၍ ပြည်ဖြိုးထွန်းကုမ္ပဏီ၏ ပုဇွန်သားပေါက်စခန်းအား ကြည့်ရှုအားပေးခဲ့ သည်။

ခေတ်မီရေငန်ပုဇွန်မွေးမြူရာတွင် ပုဇွန်ကန်တစ်ကန်တွင် ပုဇွန်သားပေါက်(၁၂)သိန်း ထည့်သွင်း မွေးမြူပြီး မွေးမြူရက် (၈၀)ရက်မှ (၁၀၀)ရက်အတွင်း ဖမ်းယူရာ ပုဇွန်ကန်တစ်ကန်လျှင် ပုဇွန်တန်ချိန် (၂၅) တန်မှ (၃၀) တန်အကြား ဖမ်းယူရရှိကြောင်း၊ ရေငန်ပုဇွန်မွေးမြူရေးလုပ်ငန်း အနေဖြင့် ခိုင်ဇင် ယော်ကုမ္ပဏီတွင် ပုစွန်မွေးကန် (၃၄)ကန်ရှိပြီး (၁၈)ကန် မွေးမြူဆောင်ရွက် လျက်ရှိပြီး ပြည့်ဖြိုးထွန်း ကုမ္ပဏီတွင် ပုဇွန်မွေးကန်(၆၀)ကန်ရှိပြီး (၅၁)ကန် မွေးမြူထုတ်လုပ် လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် ရေလုပ်ငန်းရှင်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊  ဟိုတယ်လုပ်ငန်းရှင်များ၊ သတ္တုလုပ်ငန်းရှင်များမှ လုပ်ငန်းအလိုက် ကြုံတွေ့နေရသော အခက်အခဲများအား ဆွေးနွေးတင်ပြခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြိတ်မြို့ မြိတ်တောင်ကျေးရွာရှိ အဆောင်ကောင်း ကုမ္ပဏီ ငါးအမှုန့်ကြိတ်စက်ရုံနှင့် ထူးထူးတိုးကုမ္ပဏီငါးအမှုန့်ကြိတ် စက်ရုံသို့ သွားရောက်၍ စက်ရုံလည်ပတ် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြ‌ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်