ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အမှတ်(၃)တပ်မတော်စစ်ဆေးရုံ ခုတင်(၃၀၀) သွားရောက် ထောက်ပံ့ငွေပေးအပ်

ကျိုင်းတုံ ဧပြီ ၂၈

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၇)နာရီက ကျိုင်းတုံမြို့ရှိ သီလဓမ္မကုန်းသာတောရကျောင်းတိုက် (ဝစီပိတ်)ဆရာတော်ဘုန်းတော်ကြီးအား သွားရောက်ဖူးမျှော်ကာ အာရုံဆွမ်းနှင့်လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မဟာမြတ်မုနိဘုရားအား သွားရောက်ဖူး၍ ပန်း၊ ရေချမ်း၊ ဆီမီး၊ ရွှေသင်္ကန်းဆက်ကပ်ကာ အလှူတော်ငွေများ ပေးအပ်လှူဒါန်းကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တြိဂံဒေသတိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ အမှတ်(၃) တပ်မတော်စစ်ဆေးရုံသို့ သွားရောက်ကာ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့ငွေကျပ်သိန်း (၃၀) ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းက ပေးအပ်ရာ အမှတ်(၃) တပ်မတော် စစ်ဆေးရုံဆေးတပ်ရင်းမှူးမှ လက်ခံရပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ တိုင်းမှူးနှင့်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် ဆေးရုံတွင် လာရောက် ဆေးကုသနေလူနာများအား သွားရောက်ကြည့်ရှုကာ စားစရာများ ပေးအပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက်ကျိုင်းတုံမြို့ အထွေထွေကုဆေးရုံသို့သွားရောက်၍ ဆရာရုံအုပ်နှင့် ဆရာ/ဆရာမနှင့် ဝန်ထမ်းများအားတွေ့ဆုံရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းက ယနေ့နိုင်ငံတော် အခြေအနေသည် တည်ငြိမ်ရေးနှင့်အေးချမ်းရေးအတွက် တပ်မတော်မှ အာဏထိန်းသိမ်းပေးကြောင်း၊ တည်ငြိမ်အေးချမ်းရေးအတွက် စစ်တိုင်းမှူးများမှ တာဝန်ယူ ကူညီဆောင်ရွက်ပေးနေပါကြောင်း၊ မိမိသည်လားရှိုးတက္ကသိုလ်မှ ပါမောက္ခချုပ်တစ်ဉီးဖြစ်ပြီး အရပ်ဘက်ကဖြစ်ပါကြောင်း၊ အရပ်သား အစိုးရဖြစ်သောကြောင့် တပ်မတော်မှ ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း၊ ဒါကြောင့် ယနေ့တက်ရောက်လာသည့် ဆရာ/ဆရာမများ နားလည်ရန်နှင့် အချို့မှာ နားလည်မှုမရှိသည့်အတွက် CDM လုပ်နေပါကြောင်း၊ အများဆုံးမှာ ကျန်းမာရေးဝန်ထမ်းနှင့်ပညာရေးဝန်ထမ်းများ ဖြစ်ပါကြောင်း၊ CDM လုပ်သည့် ဆရာ/ဆရာမများနှင့် ပါမောက္ခများအားလုံး ရုံးပြန်တက်ပေးကြရန် မေတ္တာရပ်ခံအပ်ပါကြောင်း၊ ရုံးပြန်လည် မတက်ရောက်ဘဲ ကြာနေပါက တရားစွဲဆိုမှုများ ရှိလာမည်ဖြစ်၍ အခြေအနေ ပိုဆိုးလာနိုင်ကြောင်း၊ မိမိတို့တတ်အပ်သည့်ပညာဖြင့် နိုင်ငံတော်ကိုအကျိုးပြုနိုင်ရန် ပြန်လည်အသိပေးခေါ်ယူခြင်း ဖြစ်ကြောင်း၊ ဆရာဝန်/ဆရာမများသည် ဆေးတက္ကသိုလ် ဆင်းပါက ကျင့်ဝတ်များ ခံယူပြီးသား ဖြစ်ကြောင်း၊ ရန်သူများလည်း ဆေးကုသခြင်းရှိသလို ယခုမှာ ရန်သူတွေမဟုတ်ကြောင်း၊ အစိုးရအပြောင်းအလဲတစ်ရပ်ကြောင့်သာဖြစ်၍ CDM လုပ်ပါက မည်သူနစ်နာနိုင်သနည်း ပြည်သူတွေသာနစ်နာ၍ဆေးရုံများပိတ်သောကြောင့် ဆေးကုသမှုနေရာမရှိနိုင်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ မရှိသောကြောင့် တပ်မတော်ဆေးရုံသာ အားကိုးနေရပါကြောင်း၊ ဒါကြောင့် တပ်မတော်ဆေးရုံကိုကွင်းဆင်း၍ အရပ်ဘက်လူနာကို ကုသပေးနေသည့်အတွက် လိုအပ်သည့် ဆေးဝါးစရိတ်များကို အတတ်နိုင်ဆုံး ထောက်ပံ့ပေးပါကြောင်း၊ ကျိုင်းတုံဆေးရုံသည် အကောင်းဆုံး အနေအထား တွေ့ရှိရပြီး ရှမ်း(၃)ရှမ်းတွင် ကျိုင်းတုံသည် အခြေအနေအကောင်းဆုံး အခြေခံဖြစ်သောကြောင့် နိုင်ငံတော်ကတြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ညှိနှိုင်းကာ ဒေန္တာသရအမိန့်ကို ည(၈)နာရီမှ ည(၁၀)နာရီထိ သတ်မှတ်ပေးကာ ကျိုင်းတုံမြို့(၁)မြိူ့သာရရှိကြောင်း၊ အားလုံးပူးပေါင်းညီညွတ်မှုကြောင့် ကျိုင်းတုံမြို့သည်တည်ငြိမ်ပါကြောင်း၊ တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းပေးကြရန်လိုကြောင်း၊ မိမိယခု လာရောက်သည့်ခရီးစဉ်၌ နိုင်ငံတော်၏ မှာကြားချက်များကို လာရောက်ကွင်းဆင်းကြည့်ပြီးအားပေးပါကြောင်း၊ မိမိတာဝန်များကို ပြန်လည်ထမ်းဆောင်ပေးကြရန်နှင့် နိုင်ငံတော်၏မှာကြားချက်အတိုင်း တာဝန်ကျေပြွန်သည့် ကျန်းမာရေး၊ ပညာရေး ဝန်ထမ်းများသည်အထိုက်အလျောက်ခံစားခွင့်များပေးမည်ဖြစ်ကြောင်း တိုင်းပြည်တွင် ပညာရေး၊ ကျန်းမာရေး အခြေခံကောင်းမှ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မံအုပ်ချုပ်ရေးကောင်စီ၏ မှာကြားချက်ဖြစ်သည့် လျှပ်စစ်၊ လမ်း၊ ဆက်သွယ်ရေး၊ လူစွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအဓိက (၄)ချက်ဖြစ်ကြောင်းနှင့် လူစွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်တာဝန်ထမ်းဆောင်နေသော ပုဂ္ဂိလ်များသည် လူစွမ်းအားဖွံ့ဖြိုးတိုးရေးအတွက်ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းရခြင်းဖြစ်ကြောင်း၊  ဒါကြောင့်ဆရာကြီး/ဆရာမကြီးများ၏ တတ်သည့်ပညာ ၊ မိမိကလည်း တက္ကသိုလ်မှတတ်သည့် ပညာဖြင့်ပေါင်းစည်းပြီး နိုင်ငံတော်၏ပြဌာန်းချက်(၁)နှစ် ကာလတွင် ကောင်းမွန်စွာအောင်မြင်သွားမည်ဖြစ်၍ အားလုံးပူးပေါင်းဆောက်ရွက်ပေးကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက်ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက် ကုသနေသည့်လူနာများအား ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြက်ဉ၊ ခေါက်ဆွဲခြောက်၊ ငါးဘူးတို့ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဒေါက်တာကျော်ထွန်းက ထောင်ပံ့ပေးအပ်ရာ ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာလှဋ္ဌေးမင်းမှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြား၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များမှ ပြည်သူ့ဆေးရုံတွင် လာရောက်ဆေးကုသနေသော လူနာများအား လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားကာ ထောက်ပံ့ပစွည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)