သတင်းများ

မိုးညိုမြို့နယ်ပြည်သူ့ဆေးရုံတွင် လူနာများအားနေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုများ ပုံမှန်ဆောင်ရွက် ပေးလျက်ရှိ
May 06,2021
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြို့နယ် ဆရာ၀န်ကြီး ဒေါက်တာကျော်မိုး ကြီးကြပ်မှုဖြင့် ဆရာ၀န်၊ သူနာပြုတို့ဖြင့် နေ့ညမပြတ် လူနာများ အား လက်ခံ ကုသပေးလျက်ရှိကြောင်းသိရသည်။
တောင်ငူ၌ နွေစပါးစံပြကွက် စနစ်တကျရိတ်သိမ်း တစ်ဧကလျှင် တင်း ၁၂ဝ ထွက်ရှိ တောင်သူများ စျေးကောင်းရရန်မျှော်လင့်
May 06,2021
တောင်ငူ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါး စံပြကွက် စနစ်တကျရိတ်သိမ်းခြင်းကို ကန်ရိုး ကျေးရွာအုပ်စုအတွင်း တောင်သူပညာပေး စံပြကွက်တွင် ယနေ့ နံနက်ပိုင်းက အထွက်နှုန်း တိုင်းတာမှု များ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဝဥများစတင်စိုက်ပျိုးလျက်ရှိ
May 06,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စိုက်ပျိုးမှုလွယ်ကူပြီး  ဝယ်ယူသူများကာ ဈေးကောင်းရရှိသဖြင့် နှစ်စဉ်ဝဥစိုက်ပျိုးသူလည်း များလာလျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်၌ ရေရှားပါးသော ရပ်ကွက်နှင့်ကျေးရွာများသို့ သောက်သုံးရေများ ပေးဝေလှူဒါန်း
May 06,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ နွေရာသီကာလအတွင်း ရေရှားပါးသော ရပ်ကွက်နှင့်ကျေးရွာများသို့ သောက်သုံးရေများကို မေလ ၅ ရက်နေ့ နံနက်က သောက်သုံးရေများ လာရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
တောင်ကြီးမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ
May 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ တောင်ကြီး-ဟိုပုံးပြည်ထောင်စုလမ်းမကြီးဘေးရှိ တောင်ကြီးခရိုင် မီးသတ်ခရိုင်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့မစည်ပင်သာယာဈေးတွင် ယာယီပျံကျဈေးသည်များအား ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့် အညီ ပြန်လည် ဖွင့်လှစ် ရောင်းချခွင့်ပြု
May 06,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့ပြည်သူ့အားကစားကွင်းအတွင်း ဖွင့်လှစ်ရောင်းချနေသည့် ယာယီပျံကျ ဈေးသည်များကို ယမန်နေ့က စတင်ကာ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးအတွင်း ကိုဗစ် - ၁၉ စည်းကမ်း ချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးမှ သိရသည်။
ငဖဲမြို့နယ်၌ နွေနှမ်း ၇၆၉ ဧကနှင့် နွေစပါး ၉၅ ဧကစိုက်ပျိုးပြီးစီး
May 06,2021
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံ ဆည်နှင့် ရင်းရှည်ဆည်တို့မှ ပို့လွှတ်သောရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးရန် ၁၁၅၀ ဧကလျာထားခဲ့ရာ ယနေ့တွင် နွေနှမ်း ၇၆၉ ဧကနှင့် နွေစပါး ၉၅ ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ငဖဲမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနရုံးမှ သိရသည်။
မြောက်ဦးမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း နှင့် အသက် နှစ်လမှတစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
May 06,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်အသက်နှစ်လမှတစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးများထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း များက ယနေ့ နံနက် ၈ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် မြို့ပေါ်ရပ်ကွက် များဖြစ်သော တောင်ရပ် ရပ်ကွက်၊ ညောင်ပင်ဈေးရပ်ကွက်နှင့် ကျောက်ရာဇ် ကေ ရပ်ကွက်များရှိ သတ်မှတ်ထားသော စုရပ်နေရာများ၌ ကာကွယ် ဆေးထိုးနှံတိုက်ကျွေးပေးလျှက်ရှိကြောင်းသိရ သည်။