ကျိုက်မရောမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

ကျိုက်မရော မေ ၁၀

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်က သင်တန်းအဖွင့် အမှာစကား ပြောကြားပြီးသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါသင်တန်းကို မေလ၁၀ရက်နေ့မှ ၁၄ရက်နေ့ အထိ(၅)ရက်သင်ကြားပို့ချ ပေးမည်ဖြစ်ပြီး ကျိုက်မရောမြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာ(၄၃)ရွာတို့မှ အုပ်ချုပ်ရေးမှူး (၄၇) ဦးနှင့် စာရေး ဝန်ထမ်း (၄၇) ဦး စုစုပေါင်း (၉၄) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး