ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်း ရပ်ကွက်များအလိုက် ဆက်လက်ကပ်ထားကြေညာ
Oct 08,2025
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်အတွက် မိမိတို့မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်များ၌ ပထမအကြိမ် ကြေညာထားရှိပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်စာရင်းပါမပါ၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းမှု ရှိမရှိကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာ (၃၀) ရက်မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ ကြေညာထားလျက်ရှိရာ ယမန်နေ့တွင်လည်း နံနက် ၇ နာရီမှ စတင်ကာ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။