ရေတာရှည်မြို့နယ်၌ အကြိုအခြေခံ မီးသတ်သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်

 ရေတာရှည် ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကာကွယ်တားဆီးနိုင်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအား စနစ်တကျလုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) သင်တန်းကို ယမန်နေ့နံနက် (၉:၃၀) က မြို့နယ်မီးသတ်စခန်းတွင် ဖွင့်လှစ်သည်။

ရှေးဦးစွာ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးသက်ခိုင်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။

အဆိုပါသင်တန်းသို့ တောင်ငူခရိုင်မီးသတ်ဦးစီးမှူး ဦးသက်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အရန်မီးသတ်‌ခေါင်းဆောင်များနှင့် သင်တန်းသား (၁၃၇) ဦး၊ စုစုပေါင်း အင်အား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)