ဒလမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ရန်ကုန် မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက အခြေခံပညာ ကျောင်းများ ဖွင့်လှစ်၍ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေး၊ ကျောင်းများ သန့်ရှင်းသာယာလှပစေရေး၊ ကျန်းမာရေးနှင့် လုံခြုံရေး ကိစ္စရပ်များကို ဆွေးနွေး ပြောကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းအကျိုးတော်ဆောင် မိဘဆရာအသင်းဝင် များက လိုအပ်သည်များနှင့် သိရှိလိုသည်များကို မေးမြန်းကြရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက  ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၄ ရက်မှ ၃၁ ရက်ထိ သတ်မှတ်ထားပြီး၊ ၅ နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG) သို့ အပ်နှံရန်၊ ၆ နှစ်အရွယ် ကလေးများကို ပထမတန်း(Grade-1) သို့ အပ်နှံရန်  အသိပေးကြေညာထားပြီ၊ ကျောင်းအပ်နှံရာတွင် မည်သည့် အခကြေးငွေမျှ ကော်ခံမှုမရှိဘဲ၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊ Mask Dace Shield နှင့် တို့ကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)