စလင်း မေ ၁၁
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ စလင်းမြို့နယ်အတွင်းရှိ လေဘေး သင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းကို မေ ၁၁ ရက် ၊ ယနေ့ နံနက် ၉ နာရီက စလင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနရုံး ပတ္တမြားခန်းမဆောင်တွင် ကျင်းပသည်။
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ် စီမံ အုပ်ချုပ် ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင် က မိုးဦးကာလများတွင် သဘာဝဘေးအန္တရာယ် များ ကျရောက်လေ့ရှိသဖြင့် ကျေးလက်နေပြည်သူများအနေဖြင့် ထိခိုက်မှု အန္တရာယ်ကင်းဝေးစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွား ကြစေလိုကြောင်းနှင့် သဘာဝဘေး အန္တရာယ်နှင့် ကြုံတွေ့လာပါက သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်၍ သတင်းပေးပို့အကူအညီရယူသွားကြရန် ဆွေးနွေး မှာကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးနေလင်းနိုင်နှင့် တာဝန်ရှိ သူများက စလင်းမြို့နယ်အတွင်း မေ ၃ ရက် နှင့် ၄ ရက်နေ့တွင် လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာပေါင်း(၁၄)ရွာမှ အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် ၁၂ လုံးအတွက် လူနေအိမ်တစ်လုံးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀၀ နှင့် အိမ်ဆောက်ပစ္စည်း(၁၆)မျိုး တို့အား လည်းကောင်း ၊ ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် ၈၄ လုံး အတွက် လူနေအိမ်တစ်လုံးလျှင် ထောက်ပံ့ငွေကျပ် တစ်သိန်းနှင့် အိမ်ဆောက်ပစ္စည်း (၁၆)မျိုး တို့အား လည်းကောင်း ၊ လေဘေးသင့်အိမ်ထောင်စုဝင် ၃၈၇ ဦးအတွက် စားနပ်ရိက္ခာဆန်ဖိုး ငွေကျပ် ၈၁၂၇၀၀ အား လည်းကောင်း လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
မောင်လွင်