ကျောက်ဖြူ မေ ၁၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများမှ ယမန်နေ့၊ နံနက်ပိုင်းက သဲတန်း ကျေးရွာနှင့်မင်းပြင်ကျေးရွာများသို့ သွား ရောက်ပြီး တောင်သူအသိပညာပေးဆွေးနွေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ခင်စိုးက တောင် သူများအား "မျိုးစေ့ထုတ်လုပ်ရခြင်းအကြောင်း အရာများ"နှင့်ပတ်သက်၍အားလည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးသိန်းအောင် က "ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း" အကြောင်းအရာများနှင့် ပတ်သက်၍လည်း ကောင်းအသီးသီးဆွေးနွေးဟောပြောခဲ့သည်။ ယင်းနောက် အဆိုပါဆွေနွေးပွဲသို့ တက်ရောက်လာကြသော တောင်သူများမှလည်း သိရှိလိုသည်များအား မေးမြန်းခဲ့ရာ မြို့နယ်ဦးစီးမှူးနှင့် ဒုတိယဦးစီးမှူးတို့က ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများအား ၎င်းဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း