ဂွမြို့၌ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာသည့် အလေ့ အထများ ဖြစ်စေရန် (Mask)များ အခမဲ့ဖြန့်ဝေ
May 17,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ဂွမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြို တင် ကာကွယ်ရေးအတွက် ပြည်သူများအပြင်ထွက်သည့်အခါတိုင်း ပါးစပ် နှင့်နှာခေါင်းစည်းများ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်သည့် စည်ကမ်းချက် များနှင့် အညီသွားလာနေထိုင်ကြရန် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိ ပညာပေးခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ယနေ့ နံနက်(၈) နာရီအချိန်ကမြို့မစျေးကြီးအတွင်းနှင့်စျေးပတ်ဝန်းကျင်ရှိလူစည်ကားရာနေရာများ၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။