ပြင်ဦးလွင် မေ ၁၈
အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ၊ ပြင်ဦးလွင်မြို့နယ်ဦးစီးမှူးရုံးမှ ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းအား ယနေ့နံနက် ၉ နာရီက စစ်တက္ကသိုလ် (ပြင်ဦးလွင်)အတွင်း၌ ဆောင်ရွက်ပေး လျက်ရှိသည်။
အဆိုပါ ပြင်ဦးလွင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား စစ်တက္ကသိုလ်(ပြင်ဦးလွင်)အတွင်း၌ စတင်စိစစ် စစ်ဆေးကွင်းဆင်း ဆောင်ရွက် လျက်ရှိရာ အသက်(၁၈)နှစ်ပြည့်ပြီး ကျား(၉)ဦးနှင့် မ(၁၁)ဦး၊ ပေါင်း(၂၀)ဦး တို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးလျက်ရှိသည်။
ဆက်လက်ပြီး ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာအလိုက် အသက် (၁၆-၁၈)နှစ်ကြားနှင့် အသက်(၁၈)နှစ်အထက် အိမ်ထောင်စုရှိ နိုင်ငံသားကတ်မရှိသည့်သူများအား ပန်းခင်းစီမံချက်ဖြင့် တစ်လတာ စစ်ဆေးရေး အသွင်ဖြင့် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)