နတ်မောက်မြို့နယ်တွင် ကျောက်တံခါးဆည်ရေသောက် ဧရိယာအတွင်းရှိ နွေစပါးများအောင် မြင်ဖြစ်ထွန်း

နတ်မောက်  မေ  ၁၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကျောက်တံခါး ဆည်ရေသောက် ဧရိယာ အတွင်းတွင် စိုက်ပျိုး ထားရှိသော စင်းသုခမျိုးသန့်နွေစပါးများ အောင် မြင်ဖြစ်ထွန်းလျက် ရှိသည်။ အဆိုပါ နွေစပါးများကို   မတ်လနှင့် ဧပြီလ တို့တွင် အပြီးစိုက်ပျိုးခဲ့တာဖြစ်ပြီး ဇွန်လကုန်တွင် အပြီးရိတ်သိမ်းမှာဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျောက်တံခါးဆည်ရေ သောက်ဧရိယာတွင်   နွေစပါး လျာထား ဧက (၁၀၀) ဧကထားရှိရာ ကျောက်တံခါး ဆည်ရေသောက်ဧရိယာတွင် မျိုးသန့် စံပြကွက် (၃၀ ) ဧက ၊ အထွက် တိုးနည်းပညာပေး (၅) ဧက ၊ ဘက်စုံသီးနှံ ပိုးမွှားကာကွယ်ရေး စံပြကွက် (၁၅) ဧက၊တောင်သူရိုရိုးစိုက် (၆၃)ဧက စိုက်ပျိုးထားရှိပြီး စုစုပေါင်းစိုက်ပျိးဧက (၁၁၃)ဧက စိုက်ပျိုးနိုင်သည့်အတွက် လျာထားဧကထက် ကျော်လွန်စိုက်   ပျိုးနိုင်ကြောင်းသိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးစိုက်တောင်သူများအား စိုက်ပျိုးချိန်မှစပြီးရိတ်သိမ်း ချိန်အထိ  စပါးအထွက်နှုန်းကောင်းမွန်မှုရှိစေရေးအတွက် တောင်သူပညာပေးစံပြကွက်များ ထားရှိကာ အရည်အသွေးတိုင်း   တာခြင်း၊ပိုးမွှားကျရောက်မှုနည်းပါးစေရေး ၊ မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးစေရေး ၊ မြေဩဇာ စနှစ်တကျ အသုံးပြုနိုင်ရေး ၊ အလေအလွင့်နည်းပါးအောင်နည်းစနှစ်မှန်မှန် စိုက်ပျိုး နိုင်စေရေးတို့အတွက်  အသိပညာပေး လုပ်ငန်းများလည်းကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

သင်းသင်းမြတ်