ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစိုက်ဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစိုက်ဧက ပြည့်မီစွာစိုက်ပျိုး နိုင်ရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့ ပထမအကြိမ် တွေ့ဆုံပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၁)နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။