သရက် မေ ၁၇
မကွေးတိုင်းဒေသကြီးသရက်မြို့၌ အိမ်ထောင်စု၊လူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေး ကတ်ပြား ဆောင်ရွက် ပေးခြင်း ပန်းခင်း စီမံချက် ရက်တို သင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်(၀၉၃၀)နာရီက ခရိုင်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ခရိုင်အစည်းအဝေးခန်းမတွင် ကျင်ပခဲ့ရာ သရက်မြို့နယ်မှ ဝန်ထမ်း (၁၁)ဦး၊အောင်လံမြို့နယ်မှ ဝန်ထမ်း(၆)ဦး၊ကံမမြို့နယ်မှဝန်ထမ်း(၇)ဦး၊ မင်းတုန်းမြို့နယ်မှ ဝန်ထမ်း(၁၀)ဦး တက်ရောက်ကြသည်။
အဆိုပါသင်တန်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန သရက်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြင့်က ပန်းခင်း စီမံ ချက် ပို့ချပေးခဲ့ပြီး မြို့နယ်ဦးစီး အရာရှိ ဦးလှမင်းဦးက (၁၉၈၂)ခုနှစ် နိုင်ငံသား ဥပဒေ(၅)၊(၆)၊(၇) ပို့ချပေးခဲ့သည်။
ထို့နောက်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနအောင်လံမြို့နယ်ရုံမှ မြို့နယ် ဦးစီးအရာရှိ ဦးစိုးနိုင်က နိုင်ငံခြားသားထိန်းသိမ်းရေးနှင့် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန ကံမ မြို့နယ် ဦးစီးအရာရှီ ဦးတင်အောင်ဝင်းက ဝန်ထမ်းကျင့်ဝတ် အကြောင်းအရာများကို့ ပို့ချ ပေးခဲ့သည်။
ဇော်ထက်(သရက်)