သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့မဈေး၌ မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေး

ဆင်ပေါင်ဝဲ မေ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မြိုနယ်ဦးစီးမှူး ဦးသန်းဌေးအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ခေတ္တအမှုဆောင်အရာရှိ ဦးအောင်ကျော်မင်းနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက ဆင်ပေါင်ဝဲမြို့မဈေး၌ မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်နှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့မဈေးအတွင်းရှိ ဈေးဆိုင်ရောင်းချသူများနှင့်တွေ့ဆုံကာ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး အထူးဂရုစိုက်ကြရန်နှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် များ၊ မီးဘေးအန္တရာယ်ကြုံလာပါက ပြုလုပ်ရမည်အချက်များအား အသိပညာပေး ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် ဈေးဆိုင်များတွင် မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက အချိန်မီ မီးငြိမ်းသတ်နိုင် ရေး မီးသတ်ဆေးဗူးများ စီစဉ်ထားရှိမှု ရှိ/ မရှိ၊ ရေ ရယူသုံးစွဲနိုင်ရေး ရေသိုလှောင်ကန်များ ဆောင် ရွက်ထားမှု ရှိ/ မရှိနှင့် ဈေးဆိုင်ခန်းများတွင် တပ်ဆင်အသုံးပြုထားသည့် လျှပ်စစ်ကြိုးများ ကြံ့ခိုင် ကောင်းမွန်မှု ရှိ/ မရှိတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ချိုချိုဝင်း