ဂွ မေ ၁၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ဂွမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြို တင် ကာကွယ်ရေးအတွက် ပြည်သူများအပြင်ထွက်သည့်အခါတိုင်း ပါးစပ် နှင့်နှာခေါင်းစည်းများ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်သည့် စည်ကမ်းချက် များနှင့် အညီသွားလာနေထိုင်ကြရန် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိ ပညာပေးခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ယနေ့ နံနက်(၈) နာရီအချိန်ကမြို့မစျေးကြီးအတွင်းနှင့်စျေးပတ်ဝန်းကျင်ရှိလူစည်ကားရာနေရာများ၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပါးစပ်နှင့်နှာခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့်အသိပညာပေးလုပ်ငန်းကို ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဂွမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွား လာသည့် အလေ့ အထများ ဖြစ်စေရန် ရည်ရွယ်ကာ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရ သည်။
ဂွမြို့နယ်အတွင်း ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်သွားလာသည့် အလေ့ အထများ ဖြစ်စေရန် အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည် ကျော် ဦးဆောင်မှုဖြင့် မြို့နယ ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ် ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိ သူများပူးပေါင်း၍ပါးစပ်နှင့်နှာခေါင်းစည်း အခုရေ(၁၅၀၀)ခုအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူစည်ကားရာနေရာများတွင်လည်း ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့် ဝေခြင်း ကို ရက်သတ္တပတ်ခန့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်း