ကျောက်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်
May 20,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ပြည်သူ့ စာကြည့်တိုက်အား ကိုဗစ်ရောဂါ ဖြစ်ပွား နေစဉ်ကာလအတွင်း ခေတ္တ ယာယီ ပိတ်ထားခဲ့ပြီး ယခုအခါ ပြည်သူများ စာပေလေ့ လာဖတ်ရှုနိုင်စေရန်အတွက် ကျောက်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိပါသည်။