သတင်းများ

ဘုတ်ပြင်းမြို့နယ်တွင် ပူးပေါင်းအဖွဲ့များဖြင့် Mask Campaing လှုပ်ရှားမှုဆောင်ရွက်
May 20,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ် ပြည်သူများ ခရီးသွားပြည်သူများ Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် အပြင်ထွက်တိုင်း Mask တပ်ဆင်အသုံးပြုသည့် အလေ့အထများ ရရှိစေရန် Mask Campaign အသိပညာပေးလှုပ်ရှားမှုကို ယနေ့ နံနက် ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နမ္မတူမြို့နယ်အတွင်းရှိ ထပ်တိုးမသန်စွမ်း (၉၉)ဦးအား ထောက်ပံ့ငွေများပေးအပ်
May 20,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်အတွင်းရှိ ထပ်တိုးမသန်စွမ်း (၉၉)ဦးအား အိမ်တိုင်ရာရောက် ထောက်ပံ့ ငွေများပေးအပ်ခြင်းကို မေလ (၁၈)ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူ မြို့နယ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    
သီပေါမြို့ ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်
May 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲ အချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club)နှင့် မိမိရုံးဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ နန္ဒဝင်း(ဆေး−၁)ရေးသားသော "လူတွေနားနေပါ ပညာတွေအလုပ်လုပ်ကြပါစေ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပခဲ့သည်။
မိုင်းယောင်း၌ မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေး (Talk Show) ကျင်းပ
May 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေး (Talk Show)ကို ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနက မိုးရာသီအတွက် သစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း ၂၂၉၀၀ ပင် ပျိုးထောင်ထားရှိ
May 20,2021
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနက သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သစ်တောများပြုန်းတီးမှုမှ ကာကွယ်နိုင်ရေးနှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် သစ်တောဦးစီးဌာ နရုံးဝင်းအတွင်း မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း (၂၂၉၀၀) ပင်ပျိုးထောင်ပြီးစီး ကြောင်း သိရသည်။
 ဝေါမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်
May 20,2021
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ပညာရေးဌာနဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပမည်
May 20,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ ကျိုက်ထိုဇောတိကာရုံ ကျောင်းတိုက်၌ ၂၀၂၁ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း မြို့နယ်သံဃနာယကအဖွဲ့ ထံမှသိရသည်။
ကျေးလက်တောရွာများတွင် အဓိက သယ်ယူပို့ဆောင်ရေး ယာဉ်အဖြစ် ယနေ့တိုင် အသုံးပြု ခဲ့ကြသည့် မြန်မာတို့၏နွားလှည်း
May 20,2021
နွားလှည်းကို ရှေးခေတ် ဘုရင်များလက်ထက်မှစ၍ အသုံးပြုခဲ့ကြသော နှစ်ဘီးတပ် သယ်ယူ ပို့ဆောင်ရေး ယာဉ်တစ်မျိုးဖြစ်သည်။ နှစ်ဘီးတပ် လှည်းများတွင် နွား၊ မြင်းစသော တိရစ္ဆာန် အမျိုးမျိုးဖြင့် ဆွဲရသောလှည်းများ ရှိသကဲ့သို့ လူဆွဲ၊ လူတွန်းရသော လှည်းမျိုးများလည်း ရှိသည်။ မြန်မာနိုင်ငံတွင် ယခုအခါ နိုင်ငံခြားမှ စက်တပ်ယာဉ်များ ဝင်ရောက်အသုံးပြု နေကြပြီ ဖြစ်သော်လည်း ကျေးလက်တောရွာများတွင် နွားလှည်းများကို လက်လွတ်မခံနိုင်သေးဘဲ ယနေ့တိုင် တွင်ကျယ်စွာ အသုံးပြုလျက် ရှိကြသည်။