ကျောက်ကြီး မေ ၂၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ပြည်သူ့ စာကြည့်တိုက်အား ကိုဗစ်ရောဂါ ဖြစ်ပွား နေစဉ်ကာလအတွင်း ခေတ္တ ယာယီ ပိတ်ထားခဲ့ပြီး ယခုအခါ ပြည်သူများ စာပေလေ့ လာဖတ်ရှုနိုင်စေရန်အတွက် ကျောက်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိပါသည်။
အဆိုပါပြည်သူ့စာကြည့်တိုက်အား နေ့စဉ်နံနက်(၉:၃၀)မှ ညနေ(၄:၃၀)နာရီထိ အစိုးရရုံးပိတ်ရက်များမှအပ နေ့စဉ် ဖွင့်လှစ်ပေးလျက်ရှိရာ နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများ၊ အပျော်ဖတ် ဝတ္ထုများ၊ ရုပ်ပြ စာအုပ်များ၊ သုတ/ရသစာအုပ်များဖြင့် မည်သူမဆို အခမဲ့ငှါးရမ်းပေးလျက် ရှိကြောင်းနှင့် Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်၊ ကလေးများအတွက် ပုံပြောပြခြင်း အစီအစဉ်၊ အရုပ်ခေါက်ခြင်း အစီအစဉ်၊ ကဗျာရွတ်ဖတ်ပြခြင်း အစီအစဉ်နှင့် ကလေးများ ဗဟုသုတ ရစေရန်အတွက် သုတကမ္ဘာ အစီအစဉ်များလည်း တင်ဆက် ပေးလျက်ရှိကြောင်းသိရသည်။
K ခိုင်ပြန်/ဆက်