Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မိုင်းယုမြို့၌ တရားမဝင်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရန် စစ်ဆေးဆောင်ရွက်
May 24,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် နယ်မြေလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် တရားမဝင်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရန် နယ်စပ်ဒေသပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ယမန်နေ့က ခရီးသွားယာဉ်များအား စစ်ဆေးမှုများပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီလူထုဖြန့်ဝေစိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း (၁၅၀၀၀) ပျိုးထောင်ထားရှိ
May 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် သစ်တောဦးစီးဌာန၏ မိုးရာသီ လူထုဖြန့်ဝေ စိုက်ပျိုးရန်အတွက် မြို့မသစ်တောပျိုးဥယျာဉ်အတွင်း ပျိုးပင်ပေါင်း (၁၅၀၀၀) ပျိုးထောင်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ
May 24,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို မေလ ၂၁ ရက်နေ့မှ စတင်ပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိရာ ပင်စင်စားမိဘ ပြည်သူများက အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့နယ်ရှိ အခြေခံပညာကျောင်းများ ကိုဗစ်−၁၉ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး
May 24,2021
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၅) ဦးဇော်ဝင်းသည် ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဇွန်လ(၁)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို မေလ ၂၂ရက်နေ့၊ နံနက် ၇ နာရီက စတင်ကာ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်
May 24,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ကာကွယ် ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်
May 24,2021
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ချောက်မြို့နယ် ပြည်သူ့စာကြည့်တိုက်ကို ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားခဲ့ မှုကြောင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစတင်၍ စာအုပ်စာပေ ငှားရမ်းမှုများကို ခေတ္တရပ်နားခဲ့ရပြီး ယခုအခါ မေလ ၃ ရက်နေ့မှစတင်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ငှားရမ်းပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုး ဆော်ခြင်းများနှင့် တည်းခိုခန်းများ များသို့ ကွင်းဆင်းစစ်ဆေး
May 24,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်း များ နှင့် တည်းခိုခန်းများသို့ ကွင်းဆင်း စစ်ဆေးခြင်းများကို မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ တာဝန် ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က လုပ်ဆောင် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မင်းပြားမြို့၌ အသက်(၁၈)နှစ်ပြည့်ပြီးသူ (၁၇၄) ဦးအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေး
May 24,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ အသက်(၁၈)နှစ် ပြည့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေးပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်က မင်းဘာကြီးရပ်ကွက်ရှိ ဓမ္မာရုံအတွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24553
Page
24554
Page
24555
Page
24556
Current page
24557
Page
24558
Page
24559
Page
24560
Page
24561
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department