ဂွမြို့ရှိ မြို့မဈေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
May 24,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ရှိမြို့မဈေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေး လုံခြုံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိနှင့်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဈေးကော်မတီဝင်များနှင့်ဈေးသူ ဈေးသားများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ယနေ့ နံနက် ၈ နာရီခွဲက မြို့မဈေးကြီးရှေ့၌ မီးဘေးလုံခြုံရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။