သတင်းများ

ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကားလျက်ရှိ
May 25,2021
ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)ယနေ့သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော ဘာသာရေးနေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်သည့် အခါအားလျော်စွာ ထားဝယ်မြို့၏ အထင်ကရတစ်ခုဖြစ်သော ထားဝယ်မြို့ ကျက်သရေဆောင်ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် ယနေ့နံနက်ပိုင်း၌ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိ သည်ကိုတွေ့ရှိရသည်။
တွံတေးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော် ကျင်းပ
May 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဆံကေသာဓာတုဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော တွံတေးမြို့ ကျက်သရေဆောင်သာသနာ့သမိုင်းဝင် ရွှေဆံတော်စေတီတော် မြတ်ကြီး၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲကို ၁၃၈၃ ခုနှစ် ကဆုန်လပြည့် ယနေ့နံနက်ပိုင်းက ရင်ပြင်တော်ရှိ ဗောဓိညောင်ပင်၌ကျင်းပခဲ့ကြောင်းသိရသည်။
မြဝတီမြို့၌ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်ကျင်းပ
May 25,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်ကြီးရှိ အဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့် မျက်နှာသစ်ပူဇော်ခြင်းနှင့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး
May 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်နေသည့် ဝမ်ကောင်း(အောက်) ကျေးရွာနှင့် ဟွေကျင်းကျေးရွာတို့တွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
မြန်မာ့မီးရထား အမှတ်(၅၃)အဆန်၊ အမှတ်(၅၄)အစုန်  RBE ရထား ကန့်ဘလူ-မန္တလေး- ကန့်ဘလူ ယာယီပြောင်းလဲပြေးဆွဲမည်
May 25,2021
ရထားစီးခရီးသွားမိဘပြည်သူများ အဆင်ပြေလွယ်ကူစွာ ရထားစီးနင်းနိုင်ကြစေရန်အတွက် မြန်မာ့မီးရထားမှ အမှတ်(၅၃)အဆန်၊ အမှတ်( ၅၄)အစုန် RBE ရထားသည်  စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ ကန့်ဘလူဘူတာမှ မန္တလေး- ကန့်ဘလူသို့ မေ ၂၅ ရက်မှစတင်၍ ယာယီပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း ကန့်ဘလူဘူတာရုံပိုင်ကြီးထံမှသိရသည်။
ကျောက်တံတားမြို့နယ်တွင် စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်းနှင့် စာကြည့်တိုက်မှတ်ပုံတင်လက်မှတ်များပေးအပ်
May 25,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ယမန်နေ့နေ့လယ် (၁) နာရီက စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး မြို့နယ်အတွင်းရှိ စံညီစာကြည့်တိုက်များအား စာကြည့်တိုက်မှတ်ပုံတင် လက်မှတ်များ ပေးအပ်ခဲ့ကြောင်း  သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပမည့် ၂၀၂၁ ခုနှစ် ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပရေး အစည်းအဝေး ပြုလုပ်
May 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ရုံးတွင် ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က တိုင်းဒေသကြီးသံဃနာယကအဖွဲ့မှကြီးမှူးကျင်းပမည့် ၂၀၂၁ ခုနှစ် ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပရေး အစည်းအဝေး ပြုလုပ်ခဲ့သည်။
မူဆယ်မြို့ အသက်(၁၈)နှစ် ပြည့်ပြီးသူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး
May 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ အသက်(၁၈)နှစ်ပြည့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသာစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီမှ စတင်ပြီး မူဆယ်ခရိုင် စုပေါင်းရုံးခန်းမ(OSS)ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရ ပါသည်။