ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုး ဆော်ခြင်းများနှင့် တည်းခိုခန်းများ များသို့  ကွင်းဆင်းစစ်ဆေး

မောင်တော     မေ  ၂၄

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  အသိပညာပေး နှိုးဆော်ခြင်း များ နှင့် တည်းခိုခန်းများသို့  ကွင်းဆင်း စစ်ဆေးခြင်းများကို မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ တာဝန် ရှိသူများက ယမန်နေ့  နံနက် ၁၀ နာရီ အချိန်က လုပ်ဆောင် ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ မြို့ပေါ်ရှိ တည်းခိုခန်းများသို့  သွားရောက်ကာ မီးဘေး လုံခြုံမှုရှိ စေရေးအတွက် မီးသတိမှုရေး၊ မီးဘေးကြိုတင် ကာကွယ်ရေး စီမံချက် များ ရေးဆွဲထားရှိရန်နှင့် ရှေးဦး မီးသတ် ပစ္စည်း ကိရိယာ များဖြစ်သော မီးသတ်ဆေးဘူး ၊ မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ရေပုံးများ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ် ကြောင်းနှင့်  မီးဘေးလုံခြုံရေးနှင့် အရေးပေါ် လွတ်မြောက်နိုင်ရေးအတွက် အရေးပေါ်ထွက်ပေါက်များ ထားရှိရေးတို့ကို အကြံပြု လမ်း ညွန်မှာ ကြားခဲ့ကြသည်။

ထို့အတူ ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်စော ဦးဆောင်၍ တပ်ဖွဲ့ဝင် များက  မိဘပြည်သူများ၊ ကလေးသူငယ်များ၊ သက်ကြီး ရွယ်အို များ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ/ရုံး များတွင် မီးဘေး လုံခြုံရေးအတွက် မီးသတ် ဦးစီးဌာနမှ ချမှတ် ထားသော စည်း ကမ်း ချက်များနှင့် လိုက်နာ ဆောင်ရွက် ထား ရှိကြရန် နှင့် မော်တော်ယာဉ်များ၊ စက်သုံး ဆီဆိုင်များ၊ ဟိုတယ်များ၊ တည်း ခိုရိပ် သာများ၊ ဌာနဆိုင်ရာ ရုံးအဆောက် အဦ များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေး ကြိုတင် ကာကွယ်ရန် ထားရှိအပ်သော ရှေးဦး မီးငြိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ၊ တပ်ဆင်ထားရှိကြရန် လိုအပ်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားပါက  မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ပြည်သူ့လူထုများ သိရှိနိုင်ရေးအတွက် အသိပေးလိုက်လံ နှိုးဆော်ခဲ့ကြသည်။ မီးသတ် ဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်း မီးဘေး အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးခြင်းနှင့်  မီးဘေးကွင်းဆင်း စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးလျှက်ရှိကြောင်းသိရသည်။

သက်လွင်စိုး